ပြင်ပြင်နေဆဲ ဘလော့ဂ် ဖြစ်တေအတွက် သီးညည်းခံပီးပါရန် မေတ္တာရပ်ခံပါသည် သာထွန်းအေးနည်းပညာမှတ်စု ဘလော့ဂ်ကို လာရောက်ကတ်တေ ဘော်ဒါအားလုံးကို ကျေးဇူးတင်ပါရေ
မင်္ဂလာပါ...သာထွန်းအေးနည်းပညာမှတ်စုမှ နွေးထွေးစွာကြိုဆိုပါတယ်၊ အားလုံးအဆင်ပြေနိုင်ကြပါစေ...

Pages

သာထွန်းအေး နည်းပညာ ဘလော့ဂ်မှ နွေးထွေးစွာကြိုဆိုပါတယ်

ဆော့ပ်ဝဲလ်များကိုတစ်စုတစ်စည်းတည်းတင်ပြသည်.

ကင်မရာနည်းပညာမကြာမီလာမည်

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

အလှတရားတို့၏လျှို့ဝှက်ချက်မကြာမီ....

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

ရခိုင်မော်ဒန်ကဗျာ(ဝါသု)

ရခိုင်လုံးချင်းကဗျာစာအုပ်တစ်အုပ်ဖြစ်တေ "ကျောက်ခြုပ်ရိုးတိပြီနီရေမြို့"(ဝါသု) ကဗျာစာအုပ်ကို မလေးရှားမှာ ဖြန့်ချီလိုက်ပါဗျလ်၊ ကဗျာဝါသနာရှင်များ ရခိုင်အရွီးအသားနဲ့ အားပါးတရ ဖတ်နိုင်ကတ်နိုင်ပါဗျလ်

သင်၏ကွန်ပျူတာတစ်ခုခုဖြစ်နေပြီလား

လိုအပ်သည့်ဆော့ပ်ဝဲလ်တွေကိုဒီမှာလာဒေါင်းနိုင်ပါပြီ၊ အကူညီလိုခဲ့ရင်လည်းပြောနိုင်ပါသည်.

Monday, 24 September 2012

အင်တာနက်မျှသုံးမယ်Virtual Router Manager V0.9 Veta



အင်တာနက်မျှသုံးမယ်Virtual Router Manager V0.9 Veta
ကဲ..ဒီတစ်ခါတင်မယ့်ပို့လေးကတော့ အထွေအထူးတော့မဟုတ်ပါဘူး မသိသေးတဲ့ သူတွေအတွက်တော့ ဝမ်းသာစရာ ပို့တစ်ခုတော့ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ Broadband နဲ့သုံးနေတဲ့ကွန်ပျူတာတွေကတစ်ဆင့် ဖုန်းကနေပြီး Wifi သုံးလို့ရတယ်ဆိုတော့  Broadband တစ်ခုတည်းနဲ့ Wifi မျှသုံးလို့ရတာပေါ့နှော်….ကျွန်တော်သုံးတာ 2.5GB ပါ၊ သူငယ်ချင်းတစ်ယောက်ကွန်ပျူတာရယ် ဖုန်းတစ်လုံးရယ် တစ်ပြိုင်တည်း သုံးတာတောင် မဆိုးဘူးဗျ..ကျွန်တော်တို့လိုအကောင်တွေအတွက်တော့ ရှယ်ပဲဗျို့ ..ပြောနေရင်း လိုရင်းမရောက်တော့ဘူး အယင်ဆုံး အောက်ကလင့်လေးကို ဒေါင်းလိုက်ပါ
ဒေါင်းပြီးသွားပြီဆိုရင် ကိုယ့်စက်ထဲမှာ RUN လိုက်ပါ၊
စက်ထဲမှာ Antivirus လေးတွေကိုတော့ ပိတ်ထားလိုက်တာ အကောင်းဆုံးပေါ့
RUN ပြီးသွားပြီဆိုရင် Close ကိုနိပ်လိုက်ပါ
အဲဒီအဆင့်တွေပြီးသွားတာနဲ့ အောက်ကပုံလေးတက်လာလိမ့်မယ်
ဒီလိုလေးတက်လာပြီဆိုရင်
Network Name(SSID) (ကိုထားချင်သည့်နာမည်)
Password: (ကိုထားချင်သည့် လျှို့ဝှက်နံပါတ်)
ဒါတွေထည့်ပြီး Start Vitual Router ကို Start လုပ်ပြီး ကိုယ်သုံးစေချင်တဲ့ သူကို Password ပေးပြီးသုံးပေတော့……..။
အားလုံးအဆင်ပြေကြပါစေ။ ရေးသားသူ..သာထွန်းအေး

Wednesday, 19 September 2012

မကြည်စေခြင်းတဲ့ website တွေကို block ပေးတဲ့ Anti-Porn 18.1.9.17 Full Activation

မကြည်စေခြင်းတဲ့ website တွေကို block ပေးတဲ့ Anti-Porn 18.1.9.17 Full Activation


အခု software လေးကိုအင်တာနက်ဆိုင်တွေ၊ကလေးတွေရှိတဲ့အိမ်တွေမှ
အသုံးပြုမယ်ဆိုရင်အသုံးဝင်မှဖြစ်ပါတယ်။မိမိမသွားစေခြင်းတဲ့ website တွေကို block ထားလိုရင်
ဖွင့်လိုမရတော့ပါဘူး။ အဓိက ကတော့ Porn website တွေကိုပိတ်ပေးထားပါတယ်

Anti-Porn parental controls can filter out adult websites (block porn), which contain objects unsuitable for children, and even filters out chat when offensive language is used. Anti-Porn software can automatically filter out tens of thousands of porn websites and you can also easily add in the websites which you don't want children to see. With Anti-Porn you can also filter out internet material by blocking particular key words.


Anti-Porn parental control software can supply the globe standard time, you can set the program to let your kids use internet at certain times on specific days. Anti-Porn keeps a complete log of all websites visited, filtered out or not, and keeps track of all material viewed on the computer, including files, images, music, and so on. You can have the inventory of your kid's computer history.








Souce by: http://www.onekokoaung.co.cc

Internet ကနေပြီး Mobile Phone များသို့ အလကား Message ပို့မယ်။

Internet ကနေပြီး Mobile Phone များသို့ အလကား Message ပို့မယ်။

 
                  ခေါင်းစဉ်လေးကိုဖတ်လိုက်တာနဲ့တင်ဘဲ အားလုံးစိတ်ဝင်စားသွားကြမယ်လို့ကျွန်တော်ထင်
ပါတယ်။ဒီကောင်လေးက ဘယ်လောက်တောင်အဆင်ပြေလည်းဆိုရင်Register လည်းလုပ်စရာမလိုဘူးဗျာ
 တစ်ခါတည်းတန်းပြီး နိုင်ငံရွေး ဖုန်းနံပါတ်ရေးပြီး Message ရိုက်ပြီးတာနဲ့ တန်းပို့ရုံးဘဲဗျာ။ အရမ်းလွယ်ပါ
တယ်။ဒါလေးကိုကျွန်တော်သိတာမနေ့ကမှ သိတာဗျ။ ကိုချစ် ပြောလို့သိတာကိုချစ်ကြီးဆီကိုလည်း ကျွန်
တော်စမ်းပြီးပို့ကြည့်ပြီးသွားပြီဗျာ။ အားလုံးအဆင်ပြေတယ်။ မြန်မာနိုင်ငံကနေပြီး ဘယ်နိုင်ငံကိုမဆိုပို့လို့
ရပါတယ်။ ပြည်ပနိုင်ငံများအချင်းချင်းလည်းပို့လို့အဆင်ပြေပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံကိုသာဘယ်
ကမှပို့လို့မရတာပါဗျာ။ဟဲဟဲဟဲ ဒါကလည်းမထူးဆန်းတော့ပါဘူးဘာလို့လည်းဆိုတော့  မြန်မာနိုင်ငံဖြစ်
နေလို့ပါဘဲ။ ဒါတွေကလည်း မကြာခင်မှာအဆုံးသတ်တော့မယ်လို့ကျွန်တော်ယူဆမိပါတယ်ဗျာ။ကဲဒါတွေ
ထားလိုက်ပါတော့ဗျာ။ ကျွန်တော်စမ်းသပ်ပို့ဖူးတဲ့နိုင်ငံတွေကတော့ ရုရှား။ စင်ကာပူ၊ ထိုင်း၊ မလေးရှား ၊ ဘင်္ဂလားဒေ့၊ USA ၊ ဂျပန် ၊ တရုပ် ၊ ကိုရီးယား လောကတော့ ပို့ကြည့်တာ အားလုံးအဆင်ပြေ ပါတယ်
ဗျာ။ အောက်မှာ အသုံးပြုပုံကိုပုံလေးတွေနဲ့သေချာစွာရှင်းပြပေးထားပါတယ်ဗျာ။ ကြည့်လိုက်ကြရအောင်
နော်။

 

http://multiply.com/mu/pyaephyommitd/image/-PBbI5XzbDsBV7Xg3fylDA/photos/1M/300x300/41/image005.gif?et=UvS6uYbta1rdX1oym9815Q&nmid=0 
အောက်က Link လေးမှာ Message ပို့နိုင်ပါတယ်ဗျာ

Souce by . http://www.pyaephyo.com

Tuesday, 18 September 2012

Viber ကို PC မှာ သုံးလို့ရပြီ


Viber ကို PC မှာ သုံးလို့ရပြီ

                     အခုကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖုန်းနဲ့ အင်တာနက် သုံးခွင့်ရပြီးနောက်ပိုင်းမှာ နာမည်
ကြီးလာတဲ့ Communication Software တစ်ခုကတော့ Viber ဖြစ်ပါတယ်။ အဲဒါကို ဖုန်းနဲ့ ခေါ်ဆိုအသုံး
ပြုနိုင်ပါတယ်။ ဖုန်းအချင်းချင်းကို အင်တာနက်ကွန်နရှင်ရှိယုံဖြင့် ဘယ်နိုင်ငံကိုမဆို အခမဲ့ ခေါ်ဆိုနိုင်ပါ
တယ်ဗျာ။ အခုဆိုရင် ဖုန်းအချင်းချင်းသာခေါ်ဆို အသုံးပြုနိုင်တဲ့ Viber ကို PC နဲ့ပါ အသုံးပြုလာနိုင်ပါပြီ။
Viber ကို PC to PC , PC to Phone , Phone to Phone , Phone to PC အမျိုးမျိုး အဆင်ပြေစွာနဲ့အ
သုံးပြုလို့ရပါပြီ။ အင်တာနက်ကွန်နရှင်ရှိဖို့နဲ့ Viber Account ရှိဖို့ဘဲလိုပါတယ်။ တစ်ခုတော့ ရှိတယ်ဗျ
PC အတွက်ဆိုရင်တော့ တင်ထားတဲ့ window က အနိမ့်ဆုံးတော့ Window XP SP3 လောက်တော့ရှိ
ထားသင့်ပါတယ်ဗျာ။ Window 7 , Vista အားလုံးရပါတယ်။ XP sp2 မရပါဘူး။  အသုံးပြုပုံကိုတော့
အောက်မှာ ပုံနဲ့တကွသေချာစွာရှင်ပြပေးထားပါတယ်ဗျာ။ ကျွန်တော်ရှင်းပြမှာ ပျင်းလို့ တောသာလေး
ရှင်းပြထားတာကို ယူပြီး မျှဝေပေးလိုက်ပါတယ်နော်။ PC အတွက် Software ကိုတော့ အောက်မှာဒေါင်း
ယူနိုင်ပါတယ်ဗျာ။


http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 




ပြီး၇င် Install ကို ကလစ်ပေးပါ----



အောက်က ပုံလေး အတိုင်း install လုပ်ပါလိမ့်မယ်-----



Install လုပ်ပြီးသွားတဲ့ အခါမှာတော့ အောက်က ပုံလေး ပေါ်လာမှာဖြစ်ပါတယ်---- (app search) ကို ကလစ်ပေးလိုက်ပါ------


search box လေးထဲမှာ viber လို့ ၇ိုက်ထည့်ပါ---ပြီး၇င် enter ခေါက်လိုက်ပါ---



အောက်က လိုမျိုး viber free call လေးကို ကလစ်ပေးလိုက်ပါ---



ပြီး၇င်တော့ အောက်က ပုံလေး အတိုင်းသူဘာသာ install လုပ်ပါတယ်---- ပြီးတဲ့ အခါ back arrow key ပုံလေးကို နှိပ်လိုက်ပါ-----



အောက်က လိုမျိုး home မှာ  viber လေး ပေါ်လာမှာဖြစ်ပါတယ်--- ပြီး၇င်တော့ အဲကောင်လေးကို ဖွင့်လိုက်ပါ-----



အပေါ်က အဆင့်တွေ အကုန်ပြီးသွားပြီဆို၇င်တော့ Viber လုပ်ပုံလုပ်နည်းလေး အတိုင်းဆက်ပြီးလုပ်၇မှာ ဖြစ်ပါတယ်---- ဖုန်းနံပါတစ်ခုဖြည့်၇ပါတယ်--- ပြီး၇င် မိမိတို့ ၇ဲ့  viber code ကို အဲဖုန်းကို မတ်စေ့ပိုပါလိမ့်မယ့်----- ဖုန်းဆိုတဲ့ နေ၇ာမှာ မိမိတို့ ဖြည့်တဲ့ ဖုန်းဟာ နက်ချိတ်ဆက်ထားဖိုလဲ မလိုပါဘူး--- viber အကောင့်မဖောက်၇သေးတဲ့ ဖုန်းဖြစ်ဖို့ လိုပါတယ် --ဘာလိုလဲဆိုတော့ တခြားသူက မိမိကို viber ခော်မယ်ဆို၇င် မိမိဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ကို ခော်ဆို၇မှာဖြစ်ပါတယ်---- အဲ့ချိန်မှာ မိမိတို့ ၇ဲ့ ဖုန်းကို viber call က မ၀င်ပါဘူး -- အဲဖုန်းနံပါတ်နဲ့ သုံးထားတဲ့ မိမိတို့ ကွန်ပျူတာက viber ကို ၀င်မှာဖြစ်ပါတယ်----

အားလုံးပြီး ပြီ ဆို၇င်တော့ အပေါ်က ပုံလေး အတိုင်း viber free call ခေါ်ဆိုလို့ ရပြီ ဖြစ်ပါတယ်-----
 Source By ;http://www.pyaephyo.com

Android ဖုန်းကို Root လုပ်နည်းနှင့် + Android ဖုန်းမှာ Myanmar Fonts ထည့်နည်း



 
 
ဟိုနေ့က ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000 တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။ အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိ့သေးတဲ့ သူတွေပါ အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတော့ နားလည်ကြပါ။ ဒါပေမဲ့ အဆင်ပြေမှာပါ။   
Root ဆိုတာ ဘာလဲ .......... ?? 

Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ .... 

Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။ 


ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??
  
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ  .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......
 
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။ 
 
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို  စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။

စာဖတ်သူတွေထဲက မသိ့သေးတဲ့သူတွေအတွက် Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
-       Z Root
-       Gingerbreak
-       Easy Root Tookit
-       Eric Root
-       CF Root
-       Super one Click
-       Revolutionary (HTC)
-       S2 Root (Samxung Galaxy)
 စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။ 
How to Root Samsung Galaxy Y GT-S5360 
နိဒန်း ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root လုပ်တဲ့အခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းမှာ ပါတဲ့ Recovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။ 
Step 1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ Update.zip File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။ 

Downloading From MediaFire

Downloading From Sharebeast 

Downloading From Ziddu 

Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။

Step 3 > တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။ 

Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။

Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ update.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။

Step 6> Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။ 

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။ 

အားလုံးပဲ အဆင်ပြေကြပါစေ ....  လေးစားစွာဖြင့် .... သူရ

 

 

ဒါကတော့ Zawgyi Font နဲ့ Keyboard ထည်းနည်းပါ  

 

 
 
Facebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။ 
 
Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက 
 
အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ 
 
Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး 
 
ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ 
 
မလုပ်ဖူးရင်တော့ သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
 
ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။
 
Step (1)  Installing of Root Explorer
 
Step (2) Installing of Zawgyi Fonts
 
Step (3) Installing of Frozen Keyboard
 


Installing of Root Explorer
 
ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger 
 
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့ Zawgyi Fonts 
 
သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက် 
 
Roots Explorer က ပိုအဆင်ပြေပါတယ်။ 
 
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts 
 
For Android ဆိုပြီး Zip File ရလာပါမယ်။

 
 

အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone 
 
ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ 
 
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown
 
 Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
 
Download ဆွဲထားတဲ့ File ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
 
ကိုယ့်ရဲ့ phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ 
 
ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root 
 
Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င်  အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
 
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။

Installing of Zawgyi Fonts

Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။ software
 
 ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer
 
 ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။ အဲဒီထဲကမှ 
 
မိမိရဲ့ SD Card ကိုရှာပါ။
 
 

SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ 
 
ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။

DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။

Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel 
 
ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။

Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ  / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။

/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို 
 
ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။

Warning Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။
 
 အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O 
 
ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။

တစ်ကယ်တော့ DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
 
 fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ့
 
 နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့ 
 
ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲ့အခါ Warning 
 
box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ 
 
Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။
 
 
 

နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့
 
 DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 
 
စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok 
 
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount 
 
R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။ 
 
 
အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊ 
 
 
website တွေကို 
 
ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။ 
 
ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ …. 

အခု ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။ 
 
ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts 
 
တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို 
 
မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။ 
 
DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။ 

Zawgyi Keyboard သွင်းနည်း

Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk 
 
ကို SD Card ထဲ ထည့်ပြီး Software ကို Install လုပ်လိုက်ပါ။ 
 
Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။ 
 
အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။ 
 
အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings 
 
ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။ 
အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
 
ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
 
Message ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့ 
 
အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို 
 
ရှာပြီး ရွေးပေးလိုက်ပါ။

အဲဒါဆိုရင်တော့ Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC 
 
<> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။ 

အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ် ….. သေချာ အသေးစိတ်
 
 ရှင်းမပြနိုင်တာကိုတော့ နားလည်ပေးပါ ခင်ဗျာ … အားလုံးပဲ အဆင်ပြေကြပါစေ … လေးစားစွာဖြင့်  သူရ
 
 
 
Ref:http://www.winkabarkyaw.co.cc

“အမျိုးသီလနှစ်ဌါနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့် အန္တတ္တသညာခေါ်အပ်ရာတည်း"